Suzuki Ciaz_White W

Yangon – June142020 – Suzuki (Myanmar) Motor Company Limited today introduces its best-sellingSuzuki Ciaz Upgraded Model, a 5-passenger sedancarthat manufactured in Myanmar with Japan quality.

The production of thefirstSuzukiCiaz car began in February 2017 at the Suzuki factoryin South Dagon, which sold 1,050unitsthat same year.Later the production was shifted to its Thilawa factory for further sales.

According to Suzuki (Myanmar) Motor Co., Ltd, sales of Suzuki Ciaztotalled 4,123 units in2018 and 3,838 units sold in 2019.

“Suzuki Ciaz remainsthe best-selling sedan car in Myanmar and the quality of the car is Japan standard. As result, we have sold total9,559 units to our customers.With the concept of “New Icon of Glory”, this brand-new Suzuki Ciaz Upgraded Model comes with the new elegant design to reflect your dignified image,” said Mr Keiichi Asano, Managing Director of Suzuki (Myanmar) Motor Co., Ltd.

“We strongly believe that this brand-new Suzuki Ciaz Upgraded Model will create a level of demand in Myanmar following the footsteps of its previous best-selling model,” Mr Asano added.

Spacious Cabin

The most notable changes in Suzuki Ciaz Upgraded Model are:

  • New front grille and new front bumper designed with chrome to add more elegance.
  • Fog lamps with chrome to makes the car to stand out more and attractive.
  • New headlamps design with white LED lights to give the elegant feeling.
  • Rear reflectors with chrome garnish to make the car looks brighter and attractive.
  • Touch panel audio that can connect with your smart phone.

Available in three colour options such as Pure White Pearl, Dignity Brown Pearl Metallicand Super Black Pearl, Suzuki Ciaz Upgraded Model is manufactured from Suzuki’s factory in Thilawa Special Economic Zonealong with its popular models, Ertigaand Swift.

Suzuki Ciaz Upgraded Model is priced at a relatively affordable price of MMK 28,200,000and available to purchase from (56) Suzuki authorised showrooms nationwide starting from 15thJune, 2020.

Classy Design Front Console

In addition, customers can be purchased the brand-new Suzuki cars through financing programs in cooperation with AYA Bank’s “AYA Super Suzuki Finance” and CB Bank’s “CB-Suzuki Easy Finance”with attractive condition, such as 10% yearly interest, No service charges and No sales commission charged by the bank.

Mr Asano stated that all of Suzuki authorised showrooms are following prevention guidelines for Covid-19 set by the Ministry of Health and Sports in order to ensure that its car buying experience is completely safe for the customers.

For more information, please call its Call Center No: 01-9339 240 (or) visit its official Facebook page, YouTube channel and Website address asmentioned below;

Facebook: http://www.facebook.com/suzukimyanmarmotorcoltd
YouTube: http://www.youtube.com/c/SuzukiMyanmarMotor
Website: http://www.suzukimyanmar.com

END

•••••

သတင်းထုတ်ပြန်ချက်

Suzuki (Myanmar) Motor Co., Ltdမှ ရောင်းအားအကောင်းဆုံး Sedan Suzuki Ciaz အဆင့်မြှင့်မော်ဒယ်သစ်ကို မြန်မာစျေးကွက်တွင်မိတ်ဆက်

ရန်ကုန်၊ ဇွန်လ (၁၄)ရက်၊ ၂၀၂၀ခုနှစ် – Suzuki (Myanmar) Motor Company Limited သည် ဂျပန်နည်းပညာဖြင့်မြန်မာနိုင်ငံတွင်ထုတ်လုပ်သည့်ရောင်းအားအကောင်းဆုံး Sedanကားအမျိုးအစားဖြစ်သည့် Suzuki Ciaz အဆင့်မြှင့်မော်ဒယ်သစ်ကို ယနေ့ မိတ်ဆက်လိုက်သည်။

မြန်မာနိုင်ငံတွင် Suzuki Ciaz ကားအမျိုးအစားထုတ်လုပ်မှုကို ပထမဆုံး အကြိမ်အဖြစ် ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ က တောင်ဒဂုံစက်မှုဇုန်ရှိ Suzuki စက်ရုံတွင်စတင်ထုတ်လုပ် ခဲ့ပြီး အဆိုပါနှစ်တွင်ပင် စုစုပေါင်း အစီးရေ ၁,၀၅၀အထိ ရောင်းချနိုင်ခဲ့သည်။ ထို့နောက် ရောင်းအားပိုမိုတိုးချဲ့ရန်အတွက် ထုတ်လုပ်မှုကို ၎င်း၏သီလဝါစက်ရုံသို့ ပြောင်းရွှေ့ ထုတ်လုပ်ခဲ့သည်။

Suzuki (Myanmar) Motor Company Limited ၏အဆိုအရ ၂၀၁၈ခုနှစ် တစ်နှစ်လုံးတွင်Suzuki Ciaz ရောင်းအားအဖြစ် အစီးရေ ၄,၁၂၃ စီးနှင့် ၂၀၁၉ ခုနှစ်တွင် အစီးရေ ၃,၈၃၈ အထိ ရောင်းချနိုင်ခဲ့ပါသည်။

“Suzuki Ciaz ဟာ မြန်မာနိုင်ငံရဲ့ ရောင်းအားအကောင်းဆုံး Sedanကားအမျိုးအစားဖြစ်ပြီး  ကားကို ဂျပန်စံနှုန်းအတိုင်း ထုတ်လုပ်ထားပါတယ်။ ဒါ့ကြောင့် ကျွန်ုပ်တို့ရဲ့ Customersတွေအတွက် စုစုပေါင်း အစီးရေ ၉,၅၅၉အထိရောင်းချခဲ့ပြီးဖြစ်ပါတယ်။ အခုဆိုရင်တော့ “New Icon of Glory”ဆိုတဲ့ဆောင်ပုဒ်အတိုင်း လှပထည်ဝါမှုရဲ့သင်္ကေတအသစ်ဖြစ်တဲ့ Suzuki Ciaz အဆင့်မြှင့်မော်ဒယ်သစ်ကို သပ်ရပ်လှပတဲ့ဒီဇိုင်းအသစ်နဲ့ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်”ဟု Suzuki(Myanmar) Motor Company Limited ၏မန်နေးဂျင်းဒါရိုက်တာ ဖြစ်သူ Mr  Keiichi Asano ကပြောကြားသည်။

“Suzuki Ciaz အဆင့်မြှင့်မော်ဒယ်သစ်ဟာ အရင်ကရောင်းအားအကောင်းဆုံး မော်ဒယ်တွေအတိုင်း မြန်မာနိုင်ငံမှာ ဝယ်လိုအားမြင့်တက်လာလိမ့်မယ်လို့ ကျွန်တော်တို့အခိုင်အမာ ယုံကြည်ပါတယ်”ဟု MrAsanoက ဆက်လက်ပြောကြားသည်။

Suzuki Ciaz အဆင့်မြှင့်မော်ဒယ်သစ်တွင်ပါဝင်သည့် ထင်ရှားသောပြောင်းလဲမှုသစ်များမှာ-

  • ကား၏အရှေ့ဘက် Grill ဒီဇိုင်းကို ပုံစံအသစ်ပြောင်းလဲထားခြင်း။
  • ပိုမိုဆွဲဆောင်မှုရှိစေရန် ကား၏နှင်းခွဲမီးသီးများကိုလည်းChromeများဖြင့်အလှဆင် ထားခြင်း။
  • လှပ၍ခေတ်မှီသောခံစားမှုကိုပေးစွမ်းရန်အတွက် ရှေ့မီးသီးများကို အဖြူရောင် အလင်းတန်းထွက်ရှိသည့် LED မီးများဖြင့် ပြောင်းလဲအသုံးပြုထားခြင်း။
  • ပိုမိုလှပပြီး ဆွဲဆောင်မှုရှိစေရန် အနောက်ဘက်ရောင်ပြန်များ၏ ပတ်ပတ်လည်တွင် Chromeများတပ်ဆင်ထားခြင်း။
  • စမတ်ဖုန်းနှင့် ချိတ်ဆက်၍ အသုံးပြုနိုင်သော Touch Panel Audio စက်ထည့်သွင်းပေးထားခြင်း။

Suzuki Ciaz အဆင့်မြှင့်မော်ဒယ်အား Pure White Pearl, Dignity Brown Pearl Metallic နှင့် Super Black Pearl အရောင်သုံးရောင်ဖြင့်ရရှိနိုင်ပြီး ဆူဇူကီး၏လူကြိုက်များသော Ertiga နှင့် Swiftကားများနည်းတူသီလဝါအထူးစီးပွားရေးဇုန်ရှိ ဆူဇူကီးစက်ရုံမှထုတ်လုပ် ခြင်းဖြစ်သည်။

စျေးနှုန်းမှာလည်း အများစုတတ်နိုင်သည့် ပမာဏဖြစ်သည့် မြန်မာကျပ်ငွေ ၂၈,၂၀၀,၀၀၀ ဖြင့် နိုင်ငံအနှံ့ရှိ ဆူဇူးကီး၏ တရားဝင်မော်တော်ယာဉ်အရောင်းပြခန်း(၅၆)ခုတွင် ဇွန်လ ၁၅ရက် နေ့မှစတင်ကာ ဝယ်ယူနိုင်ပြီဖြစ်သည်။

ထို့အပြင် ဝယ်ယူလိုသော Customersများအနေဖြင့် ဆူဇူကီးကားသစ်များကိုတရားဝင် အရောင်းကိုယ်လှယ်များမှတဆင့်အရစ်ကျငွေပေးချေမှုအစီအစဉ်များဖြစ်သောAYAဘဏ် ၏“AYA Super Suzuki Finance”နှင့်CBဘဏ်၏“CB-Suzuki Easy Finance” တို့ကို အသုံးပြု၍နှစ်စဉ်အတိုးနှုန်း ၁၀% ဖြင့်ဝယ်ယူနိုင်ပြီး ဘဏ်ဝန်ဆောင်ခနှင့် အရောင်းကော်မရှင်ခများအားလည်း ပေးဆောင်ရန်မလိုအပ်ပါ။

ဆူဇူကီးအနေနဲ့ Customers များ၏ ကျန်းမာရေးနှင့် ဘေးကင်းရေးကို ပဓာနထားပြီး၎င်း၏ တရားဝင်မော်တော်ကား အရောင်းပြခန်းများအားလုံးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှချမှတ်ထားသော Covid-19 ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များအတိုင်း ပြင်ဆင် ထားရှိကြောင်း MrAsanoကဖြည့်စွက်ပြောကြားပါသည်။

Brand New Suzuki Ciaz Upgraded Model နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါကဆူဇူကီး(မြန်မာ) မော်တော်ကုမ္ပဏီ၏ Call Centerနံပါတ်: ၀၁-၉၃၃၉ ၂၄၀ သို့ဆက်သွယ်နိုင်ပြီး အောက်ဖော်ပြပါ Facebookစာမျက်နှာ၊ YouTube Channel နှင့် Website စာမျက်နှာတို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Facebook: http://www.facebook.com/suzukimyanmarmotorcoltd
YouTube: http://www.youtube.com/c/SuzukiMyanmarMotor
Website: www.suzukimyanmar.com

ပြီး-