Suzuki Automobile Factory in Thilawa SEZ
Suzuki Automobile Plant in Thilawa Special Economic Zone

Yangon – March 23, 2020 – Suzuki Motor Corporation’s subsidiary for production and sales of automobiles in Myanmar, Suzuki Thilawa Motor Co., Ltd., will construct a new plant, which will conduct welding, painting, and assembly of automobiles.

In line with the expansion of the market in Myanmar, the new plant, which is scheduled to start operating from September 2021, will be constructed in an industrial park located in the Thilawa Special Economic Zone, southeast of Yangon.

It will have an annual production ability of 40,000 units.

Suzuki has a long history in Myanmar, which started back in 1998 with the establishment of a joint venture, starting local production of motorcycles and automobiles from 1999.

There are currently two plants (South Dagon Industrial Zone and Thilawa Special Economic Zone) in Myanmar that produce a total of four models: Carry, Ciaz, Ertiga, and Swift.

In 2019, Suzuki produced 13,300 units (125% year-on-year) and sold 13,206 units (128% year-on-year) with a market share of 60.3%.

With the construction of the new plant, Suzuki will meet the automobile market needs in Myanmar, which is projected to make further expansion.

Outline of Suzuki Thilawa Motor Co., Ltd.

Location of Headquarters: Thilawa Special Economic Zone, Yangon
Land Area: 200,000 m2
Building Area

  • Current Plant: 4,000 m2
  • New Plant:42,000 m2

Investment amount of New Plant: 12 billion JPY
Representative: Keiichi Asano
Capital: 35 million USD (100% Suzuki investment)
Number of Employees: 224 employees as of February 2020

– End 

•••••

သတင်းထုတ်ပြန်ချက်

သီလဝါအထူးစီးပွားရေးဇုန်တွင် Suzukiကားစက်ရုံအသစ် တည်ဆောက်မည်

ရန်ကုန် – မတ်လ (၂၃)ရက်၊ ၂၀၂၀ခုနှစ် – Suzuki Motor Corporationသည် သီလဝါအထူးစီးပွားရေး ဇုန်တွင်Suzuki Thilawa Motor Co., Ltdအဖြစ် ရင်းနှီးမြှုပ်နှံပြီး SKD စနစ်ဖြင့် မော်တော်ယာဉ်များကို ထုတ်လုပ်တပ်ဆင်၍ ပြည်တွင်းတွင် ဖြန့်ဖြူးရောင်းချလျက်ရှိရာမှ CKD စနစ်ဖြင့် ထုတ်လုပ် တပ်ဆင်ရန်Welding Process, Painting Process နှင့် Assembly Process တို့ပါဝင်သည့်စက်ရုံအသစ်ကိုတည်ဆောက်သွားမည် ဖြစ်သည်။

Suzuki အနေဖြင့် မြန်မာနိုင်ငံတွင် ဈေးကွက်ကျယ်ပြန့်လာခြင်းနှင့်အညီ စက်ရုံသစ်ကို တည်ဆောက်ခြင်းဖြစ်၍ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စတင်လည်ပတ်ရန် ရည်မှန်းထား ပြီး နှစ်စဉ် ကားအစီးရေ ၄၀,၀၀၀ ခန့်ထုတ်လုပ်နိုင်မည်ဖြစ်သည်။

Suzuki သည် ၁၉၉၈ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံတွင် ကာလရှည်ကြာစွာ ရင်းနှီးမြုပ်နှံခဲ့ပြီး ၁၉၉၉ တွင် မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များကို အစိုးရနှင့် ဖက်စပ်အဖြစ် ထုတ်လုပ်တပ်ဆင်ရောင်းချခြင်းဖြင့် လုပ်ငန်းများစတင်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက်တွင် Suzuki (Myanmar) Motor Co.,Ltd နှင့် Suzuki Thilawa Motor Co.,Ltd တို့အဖြစ် ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံကာ လက်ရှိတွင် တောင်ဒဂုံစက်ရုံနှင့် သီလဝါစက်ရုံတို့တွင်Carry, Ciaz, Ertigaနှင့်Swift ကားအမျိုးအစားများကိုထုတ်လုပ်နေသည်။

၂၀၁၉ခုနှစ် တစ်နှစ်လုံးတွင်မြန်မာနိုင်ငံ၌ကားအစီးရေ ၁၃,၃၀၀ စီးကို ထုတ်လုပ်ခဲ့ရာ ယခင်နှစ်ထက် ၁၂၅%တိုးတက်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ကားသစ်ရောင်းချမှုတွင် စျေးကွက်ရှယ်ယာ ၆၀.၃%ရရှိခဲ့ပြီးအစီးရေ ၁၃,၂၀၆ စီးကို ရောင်းချနိုင်ခဲ့ရာ ယခင်နှစ်ထက်၁၂၈%တိုးတက်ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။

Suzuki သည် ယခုစက်ရုံသစ်ကို တည်ဆောက်ခြင်းဖြင့် ဆက်လက်ကြီးထွားလာရန် မျှော်မှန်းထားသော မြန်မာနိုင်ငံ၏ မော်တော်ကားဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်ရန် ကြိုးပမ်းသွားမည်။

Suzuki Thilawa Motor Co., Ltd ၏အချက်အလက်များ

လုပ်ငန်းတည်နေရာသီလဝါအထူးစီးပွားရေးဇုန်၊ ရန်ကုန်
မြေအကျယ်အ၀န်းစတုရန်းမီတာ ၂၀၀,၀၀၀
အဆောက်အဦး ဧရိယာ 

  • လက်ရှိစက်ရုံ : စတုရန်းမီတာ ၄,၀၀၀
  • စက်ရုံသစ်:စတုရန်းမီတာ ၄၂,၀၀၀

စက်ရုံသစ်အတွက် ရင်းနှီးမြှုပ်နှံငွေပမာဏ:ဂျပန်ယန်းငွေ၁၂ ဘီလီယံ
တာဝန်ခံMr. Keiichi Asano
လက်ရှိရင်းနှီးမြှုပ်နှံမှု:အမေရိကန်ဒေါ်လာ ၃၅ သန်း (Suzuki ၏၁၀၀% ရင်းနှီးမြှုပ်နှံမှု)
၀န်ထမ်းအရေအတွက်:  ၂၂၄ ဦး (၂၀၂၀ခုနှစ် ဖေဖော်ဝါရီလစာရင်းအရ)

– ပြီး-