Mr Keiichi Asano Giving a Speech at Launching Event

Yangon – April 26, 2019 – Suzuki (Myanmar) Motor Company Limited today kicked off its much-awaited latest 7-seater model “all-new Suzuki Ertiga” to Myanmar market.

Available in GLX grade equipped 1.5L Petrol Engine and 4AT, the all-new Ertiga is based on the new generation HEARTECTplatform and developed for fulfilling sophisticated lifestyles under “Reflection of your confidence” philosophy.

Revealing All-New Suzuki Ertiga 2019_1

The new Ertiga has leveled up not only in size, but in more elegant design, a more sophisticated-looking cabin and a more powerful 1.5-liter four-cylinder engine, said Mr. Keiichi Asano, Managing Director of Suzuki (Myanmar) Motor Company Limited.

“The new Ertiga is longer, wider and taller than its predecessor. The cabin also gets a luxurious wooden pattern panel, as well as a freestanding touchscreen infotainment system to meet evolving needs of modern-day customers. We produce all-new Ertiga in our factory in Thilawa industrial zone, along with our popular models Swift and Ciaz,” he said.

Media Interview with Mr Keiichi Asano_1

“To enjoy an optimum driving experience, all the upgrades on all-new Ertiga are designed for safe and comfortable ride for our customers with their family and colleagues.” said Mr. Asano.

The all-new Ertiga comes in four colors. At the start of its sales, three colors are available such as Snow White Pearl, Cool Black Pearl and Glorious Brown Pearl inshowrooms nationwide starting from today. Magma Gray will be available around October 2019.

Price announcement of Suzuki Ertiga to Myanmar Market

Suzuki prepared auto loan program called ‘AYA Super Suzuki Finance’, customers can enjoy special conditions for purchasing Suzuki Brand New Cars including all-new Ertiga. Please come to Suzuki Showrooms for check it.

Revealing All-New Suzuki Ertiga 2019_2

Suzuki is ready for sales and services to bring the highest satisfaction for the customers. Currently, Suzuki continues to develop the dealer network, with (46)showrooms and service centers nationwide; offering fast, effective and good quality services by well-trained service staffs. Besides that, Suzuki has developed quick spare parts delivery with adequate cost.

For more information, please visit the official Facebook page of Suzuki (Myanmar) Motor Company Limited: www.facebook.com/suzukimyanmarmotorcoltdand the website: www.suzukimyanmar.com

– END –

•••••

သတင်းထုတ်ပြန်ချက်

ဆူဇူကီးမှ လူအများစောင့်မျှော်နေကြသော ထိုင်ခုံ(၇)ခုံပါ နောက်ဆုံးပေါ် all-new Suzuki Ertiga မော်တော်ယာဉ်အမျိုးအစားသစ်ကို မြန်မာနိုင်ငံတွင်စတင်မိတ်ဆက်

ရန်ကုန်၊ ဧပြီ ၂၆  ၂၀၁၉ – ဆူဇူကီးမြန်မာ မော်တာကုမ္ပဏီလီမိတက် (Suzuki (Myanmar) Motor Company Limited) မှ လတ်တလော ရေပန်းစားပြီး လူအများ စောင့်မျှော်လျက်ရှိကြသော ကားတွင်းထိုင်ခုံ ၇ ခုံပါ မျိုးဆက်သစ် all-new Suzuki Ertiga အမျိုးအစားကားကို မြန်မာနိုင်ငံ ဈေးကွက်အတွင်းတွင် ယနေ့ စတင် မိတ်ဆက်လိုက်သည်။

1.5L ဓာတ်ဆီအင်ဂျင်နှင့် 4AT တပ်ဆင်ထားပြီး GLX grade အမျိုးအစားဖြင့် ရရှိနိုင်သော all-new Ertiga မော်တော်ကားသည် မျိုးဆက်သစ် HEARTECT ပလက်ဖောင်းကိုအခြေခံထားပြီး ရှုပ်ထွေးနက်နဲလာသော ခေတ်သစ်နေထိုင်မှုပုံစံများကို ဖြည့်ဆည်းပေးရန်အတွက် “Reflection of your confidence” “သင့်ကိုယ်ကို ယုံကြည်မှုကို ထင်ဟပ်စေသော” ဟူသော ဒဿနကို အခြေခံ၍ ထုတ်လုပ်ထားခြင်း ဖြစ်သည်။

Ertiga မော်တော်ကားအသစ်သည် အရွယ်အစားအားဖြင့် ပိုမိုကြီးသွားရုံသာမက ဒီဇိုင်းအပိုင်း တွင်လည်း ပိုမိုကျော့ရှင်းကာဆန်းသစ်ပြီးခေတ်မီသော ကိုယ်ထည်ဒီဇိုင်းလည်းရှိပါသည်။ ထို့အပြင် ၁.၅ လီတာ ဆလင်ဒါ လေးလုံးပါ စွမ်းဆောင်ရည်  ပိုမိုကောင်းမွန်သော အင်ဂျင်ကိုလည်း တပ်ဆင် ထားကြောင်း ဆူဇူကီးမြန်မာ မော်တာကုမ္ပဏီလီမိတက်၏ မန်နေးဂျင်းဒါရိုက်တာ Mr. Keiichi Asano ကပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ အခုErtiga ကားသစ်က အရင် Ertiga အမျိုးအစားကားတွေထက် အရွယ်အစား ပိုကျယ်၊ ပိုရှည်ပြီး ပိုလည်းမြင့်သွားပါတယ်။ ဒီနေ့ ခေတ် ဝယ်ယူသူတွေရဲ့ အမြဲပြောင်းလဲနေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကားကိုယ်ထည်ကိုလည်း အကောင်းဆုံးဇိမ်ခံပစ္စည်း တွေနဲ့ပြုလုပ်ထားပြီး freestanding touchscreen infotainment system လို့ခေါ်တဲ့ ကားတွင်း ဖျော်ဖြေရေးစနစ်ကိုလည်း တပ်ဆင်ပေးထားပါတယ်။ Ertiga ကားသစ်ကို တခြား ကျွန်တော်တို့ရဲ့ နာမည်ကျော်ကားတွေဖြစ်တဲ့ Swift နဲ့ Ciaz တို့နဲ့အလားတူပဲ ရန်ကုန် သီလဝါ စက်မှုဇုန်မှာရှိတဲ့ ကျွန်တော်တို့ စက်ရုံမှာပဲ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုခဲ့ သည်။

“ကျွန်တော်တို့ရဲ့ ဝယ်ယူသူတွေရော သူတို့ရဲ့ မိသားစုတွေရော အမြင့်မားဆုံး မောင်းနှင်တဲ့ အတွေ့အကြုံ အရသာကိုရရှိခံစားနိုင်ဖို့၊ ဘေးအန္တရာယ်ကင်းရှင်းဖို့နဲ့ အချိန်တိုင်းသက်တောင့် သက်သာ စီးနှင်းနိုင်အောင် ဒီ Ertiga ကားကိုအထူး ဒီဇိုင်းပြုလုပ်ထားတဲ့ အတွက်ကြောင့် မိသားစုတွေအတွက်ရော လုပ်ငန်းသုံးအတွက်ရော သင့်တော်ပါတယ်” ဟု Mr. Asano မှ ဆက်လက် ပြောကြားခဲ့သည်။

Ertiga ကားသစ်ကို အဖြူရောင် (Pearl Snow White)၊ အနက်ရောင် (Prime Cool Black)နှင့် အညိုရောင် (Pearl Glorious Brown) စသည့်အရောင်သုံးရောင်ဖြင့် ထုတ်လုပ်ထားပြီး ယနေ့မှစတင်၍ မြန်မာတစ်နိုင်ငံ လုံးရှိ အရောင်းပြခန်းများတွင် သွားရောက် လေ့လာကြည့်ရှု ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။ ခဲရောင်(Magma Gray) ကိုတော့ ၂၀၁၉ အောက်တိုဘာလတွင် ဝယ်ယူ နိုင်မည် ဖြစ်ပါသည်။

ဆူဇူကီးနှင့် AYA ဘဏ်တို့ မိတ်ဖက်ပူးပေါင်းဆောင်ရွက်ထားသည့် (၇)နှစ် ကားအရစ်ကျပေးချေမှု ‘AYA Super Suzuki Finance’ အစီအစဉ်မှတဆင့်လည်း all-new Ertiga အပါအဝင် မော်တော်ကားသစ်များကို ဝန်ဆောင်ခများနှင့် အရောင်းကော်မရှင်ခများပေးဆောင်ရန် မလို အပ်ပဲ အရစ်ကျဝယ်ယူနိုင်ပါသည်။ ဆူဇူကီး အရောင်းပြခန်းများသို့ သွားရောက်လေ့လာရန် ဖိတ်ခေါ် အပ်ပါသည်။

ဝယ်ယူသူဖောက်သည်များအား ရောင်းချရန်နှင့် စိတ်ကျေနပ်မှု အမြင့်ဆုံးရရှိအောင် ပေးစွမ်းနိုင်ရန် ဆူဇူကီးမှ အသင့်ဖြစ်နေပြီ ဖြစ်ပါသည်။ လက်ရှိတွင် ဆူဇူကီးအနေဖြင့် ဖြန့်ဖြူး ရောင်းချသူများ ကွန်ယက်ကို တိုးချဲ့ နိုင်အောင် ဆက်လက် ကြိုးစားလျက်ရှိပြီး တစ်နိုင်ငံလုံးရှိ အရောင်းပြခန်းနှင့် ဝန်ဆောင်မှုစင်တာ(၄၆)ခုတွင်လည်း ကောင်းမွန်စွာစနစ်တကျ လေ့ကျင့်ပေးထားသော ဝန်ထမ်း များမှလျင်မြန်၍ထိရောက်မှုရှိပြီး အရည်အသွေးမြင့်မားသော ဝန်ဆောင်မှုများကိုပေးစွမ်း လျက်ရှိနေပါသည်။ ၎င်းအပြင် ဆူဇူကီးမှ မော်တော်ကား အပိုပစ္စည်းများကိုလည်း သင့်တင့်သော ဈေးနှုန်းဖြင့် ထုတ်လုပ်ရောင်းချပေးပို့လျက်ရှိပါသည်။

အသေးစိတ်အချက်အလက်များအတွက် ဆူဇူကီး(မြန်မာ)မော်တော်ယာဉ် ကုမ္ပဏီလီမိတက်၏ Facebook စာမျက်နှာ http://www.facebook.com/suzukimyanmarmotorcoltd နှင့် ဆူဇူကီးမြန်မာ၏ ဝက်ဘ်ဆိုဒ် http://www.suzukimyanmar.com တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

– ပြီး –